
ချယ်ရီမေတ္တာဖောင်ဒေးရှင်းကို စိတ်တူကိုယ်တူ သူငယ်ချင်းရောင်းရင်းတစ်စုမှ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့် ကျေးလက်နေပြည်သူများအား ကူညီမှုမှ အစပြု၍ လူမှုရေးအသင်း အဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ချယ်ရီမေတ္တာဖောင်ဒေးရှင်းသည် ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် လူထုအကျိုးပြု ပရဟိတ လုပ်ငန်းများကို စေတနာ သဒ်ဓါတရား ထက်သန်စွာဖြင့် ရှေ့တန်းမှပါဝင် ဆောင်ရွက်နေသော လူမှုရေး အသင်းအဖွဲ့ တစ်ခုအဖြစ် လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်